Overview

Vietnam 4 Days SIC Trip



Includes

Flight Hotel Meal Entrance Fees Tour Transport
  • 4 Days
  • Yes
  • Yes
  • Yes
  • Yes
  • Yes
  • Yes

Inclusion

ခရီးစဉ်တွင် ပါဝင်သော အရာများ•    လေယာဉ်လက်မှတ် အသွားအပြန် •    ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်တွင် ၃ ညစာဟိုတယ်တည်းခိုစရိတ်များ (နှစ်ယောက်ခန်းကိုအခြေခံပါသည်)•    သီးသန့်ကားခရီးစဉ်တလျှောက်•    ဖော်ပြထားသော ၀င်ကြေးများ•    ဖော်ပြထားသော မနက်၊နေ့၊ညစာ•    ဟလောင်းပင်လယ်တွင်သင်္ဘောစီးခ•    ဒေသခံ ဧည့်လမ်းညွှန်•    မြန်မာအုပ်စုခေါင်းဆောင်•    Tip money

Child Policy

ခလေးနှုန်းထားများသတ်မှတ်ခြင်း•    လူကြီးတစ်ယောက်နှင့်တွဲ၍ နှစ်ယောက်အိပ်ခန်းတွင်နေလျှင် လူကြီးနှုန်းထားအတိုင်းပေးဆောင်ရမည်။•    နှစ်ယောက်အိပ်ခန်းထဲတွင် Extra bed ထိုး၍နေလျှင် လူကြီးနှုန်းထား၏ (၈၀%) ပေးဆောင်ရမည်။•    နှစ်ယောက်အိပ်ခန်းထဲတွင် Extra bed မယူပဲ လူကြီးကုတင်တွင်နေလျှင် လူကြီးနှုန်းထား၏ (၆၀%) ပေးဆောင်ရမည်။

Exclusion

ခရီးစဉ်တွင် ပါဝင်ချင်းမရှိသော အရာများ•    ခရီးစဉ်တွင်မပါဝင်သောအခြားသောနေရာများအားသွားရောက်လိုခြင်းနှင့် အစားအသောက်များမှာယူသုံးဆောင်မှု•    မိမိကိုယ်ပိုင်အသုံးစရိတ်များ၊ အချိုယမကာတယ်လီဖုန်းခေါ်ဆိုမှုနှင့် အ၀တ်လျှော်ခစသည်များ•    ဟိုတယ်အတွင်းရှိ Minibar အသုံးပြုမှုနှင့် အခပေးရုပ်သံလိုင်းများအား ကြည့်ရှုမှု၊ အခပေးအင်တာနက် သုံးစွဲမှုများ•    ခရီးသွားနှင့် ကိုယ်ရေးကိုယ်တာ အာမခံကြေး

Things To Prepare

ယူဆောင်သွားသင့်သည့်အရာများ•    နေလောင်ခံအသားလိမ်းဆီ•    နေကာမျက်မှန်•    ကင်မရာ

Highlight

Vietnam 4 Days SIC Trip

Cancellation

ခရီးစဉ်ဖျက်သိမ်းမည့်အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်လာပါက (1) လ ကြိုတင်၍အသိပေးအကြောင်းကြားရပါမည်။ အကယ်၍ (1) လ ထက်နောက်ကျသောခရီးစဉ်ဖျက်သိမ်းခြင်းများအတွက် အောက်ဖော်ပြပါခရီးစဉ်ဖျက်သိမ်းခအားလုံး အကျုံးဝင်ပါသည်။•    လေယာဉ်လက်မှတ်ထုတ်ပြီးပါကလေယာဉ်လက်မှတ်၏ ၁၀၀% အပြည့်ကိုဧည့်သည်မှ ပေးချေရပါမည်။•    ၁၅ရက် မတိုင်ခင် ခရီးစဉ်ဖျက်သိမ်းလျှင် ခရီးစရိတ်၏ ၇၀% ကိုဧည့်သည်မှ ပေးချေရပါမည်။•    ၁၄ရက်အတွင်း ခရီးစဉ်ဖျက်သိမ်းလျှင် ခရီးစရိတ်၏ ၁၀၀% ကိုဧည့်သည်မှ ပေးချေရပါမည်။ အကယ်၍ ခရီးစဉ်စတင်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်မှ ထွက်ခွာမည်ဆိုပါကငွေပြန်အမ်းမည်မဟုတ်ပါ။ ထို့အပြင် တည်းခိုစရိတ်များ၊ ပို့ဆောင်ရေးစရိတ်များ၊ အစားအသောက်စရိတ်များနှင့် အခြားဝန်ဆောင်မှုစရိတ်များ၏ တစ်ချို့တစ်ဝက် ကိုဖြစ်စေ၊ အပြည့်ကိုဖြစ်စေ Oway Tavel သည် ပြန်အမ်းရန်တာဝန်မရှိပါ.

သောကြာနေ့ (၂၄ ရက် ၊ မေလ ၊ ၂၀၁၉) ရန်ကုန် - ဟနွိုင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oway အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် Airline Check In ၀င်ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ဟနွိုင်းလေဆိပ်သို့ ပျံသန်းရောက်ရှိပါမည်။ ထို့နောက် ဒေသခံ ဧည့်လမ်းညွှန်နှင့် တွေ့ဆုံပြီးနောက် ဟိုတယ်သို့ ပို့ဆောင်ပေးပါပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

စနေနေ့ (၂၅ ရက် ၊ မေလ ၊ ၂၀၁၉) ဟနွိုင်း - ဟလောင်း နံနက်စာ ၊ နေ့လည်စာ ၊ ညစာ

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက်သာယာသောလှပသော Ninh Binh မြို့သို့ ခရီးဆက်ပါမည်။ ဗီယက်နမ်နိုင်ငံရှိ အကြီးဆုံး ဗုဒ္ဓဆင်းတုတော်ကြီး Bai Dinh သို့ သွားရောက်ဖူးမြော်ပြီး နေ့လည်စာ သုံးဆောင်ပါမည်။ ထို့နောက် Tam Coc လက်လှော်လှေကလေးများဖြင့် သွားရောက်လည်ပတ်ရင်း တောတောင်ရှုခင်းများ ခံစားရင်း အပန်းဖြေကြပြီး the Movie set Kong - Skull Island and Bai Dinh temple နေရာများသို့ သွားရောက်လည်ပတ် ကြပါမည်။  ထို့နောက် ဟလောင်းညဈေးတွင် လွတ်လပ်စွာ ဈေးဝယ်ထွက်ရန် အချိန်ပေးပါမည်။ ထို့နောက် တစ်ညတာ အေးချမ်းစွာ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

တနင်္ဂနွေနေ့ (၂၆ ရက် ၊ မေလ ၊ ၂၀၁၉) ဟလောင်း - ဟနွိုင်း (City Tour) နံနက်စာ ၊ နေ့လည်စာ ၊ ညစာ

ဟိုတယ်တွင် မနက်စာသုံးဆောင်ပြီးနောက် ဟလောင်းပင်လယ်အော်ထဲသို့ လှည့်လည်ကြည့်ရှုရန် ဆိပ်ကမ်းသို့ ပို့ဆောင်ပေးပါမည်။ လှပသော Bai Tu Long Bay ရှိ ထုံးကျောက်လှိုဏ်ဂူများ သို့ သွားရောက်လည်ပတ်ကြည့်ရှုကြပါမည်။ သင်္ဘောပေါ်တွင် နေ့လည်စာကို အရသာရှိစွာ သုံးဆောင်ပြီးနောက် ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ပေးပါမည်။ ထို့နောက် ဟနွိုင်းမြို့သို့ ကားဖြင့် ပြန်လည်ထွက်ခွာလာပြီး Hoang kiem lake သို့ သွားရောက်လည်ပတ်ကြပြီး old quarter တွင် ဈေးဝယ်ထွက်ကြပါမည်။ ထို့နောက် ဗီယက်နမ်လူမျိုးများ၏ရိုးရာအကဖြစ်သော ရုပ်သေးပွဲသို့ ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

တနင်္လာနေ့ (၂၇ ရက် ၊ မေလ ၊ ၂၀၁၉) ဟနွိုင်း (City Tour) - ရန်ကုန် နံနက်စာ ၊ နေ့လည်စာ (Buffet)

ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် Ba Dinh သို့ထွက်ခွာပြီး Temple Of Literature , Ba Dinh Square, Ho Chi Minh Mausoleum & Residence, One Pillar Pagoda, Tran Quoc Pagoda တို့သို့ သွားရောက်လည်ပတ်ကြပြီး နေ့လည်စာကို Sen Tay Ho Buffet  သုံးဆောင်ပြီးနောက် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။  ထို့နောက် အပြည်ပြည်ဆိုင်ရာ Vietnam လေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပါမည်။